
ပွင့်သမျှ ဆိတ်ဖလူးပန်းတွေဒာကုန်ခါချလို့ 
စိတ်ကူးတွေ မွစာကြဲသွားတယ်
ကြယ်တွေမျက်နှာလွှဲခံရတဲ့ ကြေကွဲမှုဆိုတာလည်း
ပြန်မရနိုင်တဲ့ ကြယ်ကြွေတွေပဲ
ဒီကမ္ဘာမှာ
ဘယ်လောက်နေခွင့်ရှိသလဲ
ဘယ်လောက်ကြွေခွင့်ရှိသလဲ
ရင်ထဲ
လတစင်းဒာမြဲချိတ်ဆွဲထားဖို့ ခက်ခဲသလောက်
စိတ်ထဲ
တံစဉ်ခုနှစ်ကွေး ဝှတ်ထားလိုက်တာက
ပိုလွယ်ရဲ့ မဟုတ်လား
တကယ်တော့
သစ်ပင်ကိုမြင်ရင် သစ်တောကိုလည်း မြင်ရမယ်
ငါ့လက်မှတ်နဲ့ ငါ့ရက်စွဲလွဲမှာ မကြောက်သလို
စာရွက်ဒာလွတ်လို ရွတ်ဆိုမိတာလည်း ငါမမှားဘူး
ဘဝဆိုတာ
လူမြိန်နေလည်းဒာလကားပါကွာ
ခုဟာက
ငါ့ကိုယ်ငါ ကဗျာလိုမဖတ်ခင်
သရုပ်ဖေါ်ပုံ ဒာရင်ဆွဲကြည့်လိုက်တာပါ။ ။
မြေလတ်မောင်မြင့်သူ