Saturday, August 1, 2009

ရှုမျှော်ခင်းပုံပန်းချီကား

လယ်ကွင်းပြင်ရဲ့  ဟိုးခပ်လှမ်းလှမ်း
တောင်ရိုးလေးပေါ်မှာ စေတီလေးတဆူ
နေကို ဒဲာဒီတောင်ရိုးလေးပေါ် မေးတင်ထား
ဖျိုးဖျိုးဖျဖျလေးပေါ့
ဒိာပ်တန်းပြန် ငှက်ကလေးတွေလည်း ထည့်ဦးမှ
ဘာလိုသေးလဲမသိဘူး
လိုရင်ဖြည့်ပေးမယ်လေ
စမ်းချောင်းလေးလား
တငြိမ့်ငြိမ့်စီးပေးလိုက်မယ်
ဝါးတံတားလေးပါ ဒာဆစ်ပေးမယ်
နွားကျောင်းသားလေးလည်း ရမယ်ရမယ်
ဆည်းဆာချိန်ဆိုတော့
ခပ်မှိန်မှိန်လေးပေါ့နော်
ဒာဝါဘက်နည်းနည်း ကဲလိုက်ရမလား
ခပ်ညို့ ညို့ ဆိုတော်ပါပြီ
ဧည့်ခန်းမှာချိတ်ထားဖို့ လား
မလုပ်ပါနဲ့ 
ပြတင်းပေါက်ဖွင့်လိုက်ရင် မြင်နေရတာပဲလေ....။

ကြည်ဇော်ဒေား