Friday, August 14, 2009

၂၁နှစ်တောင်ရှိခဲ့ပြီ (၃)

........သေ့ဘောဘိုးစခန်းကိုပြန်တဲ့အပြန်ခရီးက ရုပ်ရှင်ဆန်တယ်။ အလာခရီးမှာ
ပျှော်ရွှင်တက်ကြွခဲ့ကြသလောက်...အပြန်ခရီးကတော့တိတ်ဆိတ်ငြိမ်သက်ရင်တ
ထိတ်ထိတ်နဲ့ ..၊..စခန်းကိုတိုက်ရိုက်မပြန်နိုင်...ဝေါလေရွာမှာတညအိပ်ခဲ့ရတယ်။
ခရီးကဘာမှမဝေးတော့ ကားနဲ့ သွားရင် ၄၅မိနစ်သာသာ၊ ရှေ့ မှာတပ်ရင်း ၂၀၆၊
မိုးကဲစခန်း..ပြီးရင်သေ့ဘောဘိုးစခန်း။.. အခြေအနေက ညဖက်ခရီးဆက်ဖို့ လုံးဝ
စိတ်မချရတော့။ ဧည့်သည်များကို ထိုင်းနိုင်ငံ၊မဲဆောက်မြို့ အထိပို့ ဆောင်ပေးဖို့ 
ကျနော်တပ်ရင်း(၂၀၆)မှာစစ်သင်တန်းတက်ခဲ့စဉ်က သင်တန်းမှုးအဖြစ်တာဝန်ယူ
ခဲ့သူ KNU ဗိုလ်ကတာဝန်ခံတယ်။ သူ့ အိမ်မှာပဲကျနော်တို့ တညအိပ်ခဲ့ကြရတယ်။
ဝေါလေရွာကြီးတရွာလုံးတိတ်ဆိတ်ငြိမ်သက်ပြီး လူရိပ်လူရောင်ပင်မတွေ့ ရတော့။
ကျနော့်ဆရာသင်တန်းမှုးကိုယ်တိုင်က ဖလူးခံစစ်စခန်းမှာကွပ်ကဲအုပ်ချုပ်တိုက်ပွဲ
ဝင်နေခဲ့သူတဦး...၊ .ဖြစ်စဉ်တွေကို ဧည့်သည်တွေနဲ့ ကျနော်တို့ အားရှင်းပြနေတဲ့
သူရဲ့ မျက်နှာလည်းအတော်လေးမကောင်းဖြစ်နေခဲ့တယ်။... ပြီးခဲ့တဲ့ရက်ပိုင်းကဒီ
ဝေါလေရွာမှာ ကရင်နှစ်သစ်ကူးပွဲတော်ကိုအကြီးအကျယ်..ကျင်းပပြုလုပ်ခဲ့တယ်။
ဖလူးခံစစ်စခန်းမှာကွပ်ကဲအုပ်ချုပ်တဲ့အရာရှိအားလုံးနီးပါး .နှစ်သစ်ကူးပွဲတော်ကို
ရောက်ရှိနေစဉ်အတွင်း ရန်သူတပ်တွေကရုတ်တရက်ထိုးစစ်ဆင်လာခဲ့တယ်။.အ
သေအခြာကြီးကြပ်မဲ့အရာရှိတွေမရှိတဲ့အခြေအနေမှာ ..ရန်သူရဲ့ ရုတ်တရက်ပြင်း
ထန်တဲ့တိုက်ခိုက်မှုကိုအလစ်အငိုက်ခံလိုက်ရတဲ့အခါ.. ဘယ်လိုမှမခံနိုင်တော့ပဲခံ
စစ်စီးကြောင်းအချို့ ကျိုးပေါက်ကုန်တယ်။ ..ကတုတ်ကျင်းအချို့ ကိုရန်သူကသိမ်း
လိုက်တာကိုမသိပဲဆက်တိုက်တဲ့သူကတိုက်၊.. ဆုတ်တဲ့သူကဆုတ်ဖြစ်ကာအခြေ
အနေတွေရှုတ်ထွေးကုန်ပြီး သူလူကိုယ်လူရောထွေးကုန်တယ်။နောက်ဆုံးမတော့
စနစ်တကျမဟုတ်ပဲကိုဆုတ်ခွါခဲ့ကြရပြီး၊ တပ်မဟာ(၆)ရဲ့ အရေးပါလှတဲ့ဖလူးခံစစ်
စခန်းကို လက်လွတ်ဆုံရှုံးခဲ့ရပါတော့တယ်။နောက်ဆက်တွဲအကျိုးဆက်အပြောင်း
အလဲတွေကတော့ကြီးမားလှပါတယ်။

........ကျနော်စခန်းကိုပြန်ရောက်တော့ .စခန်းကရဲဘော်တွေအားလုံးအဆင့်သင့်
ဖြစ်နေကြပြီ။ ရန်သူကိုပြန်တိုက်ဖို့ မဟုတ်ပါဘူး၊ စခန်းကနေဆုတ်ခွါဖို့ ..၊..မဆုတ်
ဘယ်လိုလုပ်မလဲ။ ရာနဲ့ ချီတဲ့ကျနော်တို့ ကျောင်းသားရဲဘော်တွေမှာရှိတာမီးကျိုး
မောင်းပျက် သေနတ် ၃၊၄ လက်နဲ့ ရန်သူကိုဘယ်လိုသွားတိုက်မလဲ။.အဲဒီအချိန်စ
ခန်းမှာမိသားစုတွေရှိနေပြီ။.. ရဲဘော်၎ယောက် ကရဲမေ ၄ယောက်နဲ့ အိမ်ထောင်
ကျတယ်။.... တောခိုလာတဲ့လင်ယောင်္ကျားတွေနောက်ကို သားသမီးတွေနဲ့ လိုက်
လာတဲ့မိသားစုတွေရှိတယ်။ ကျနော်ပြန်ရောက်တဲ့နေ့ ညဖက်မှာပဲ ကျနော်တို့ တ
တွေ စခန်းကနေနယ်စပ်ကို ထွက်ခွါခဲ့ရတယ်။ ပြောမယ်ဆိုပြောစရာလေးတော့ရှိ
တာပေါ့ဗျာ.။ကျနော်တို့ ဆုတ်လာတာကတော့ဖလူးစခန်းကလိုမဟုတ်ဘူးစနစ်တ
ကျလေး ပေါ့။ အဲဒီစနစ်တကျဆုတ်ခွါစဉ်ထဲက အမှတ်တရလေးတခု..။ကျနော်တို့ 
ဆုတ်လာတဲ့လမ်းရဲ့ တောစပ်မှာ... ဝက်ကြီးတကောင်နဲ့ ပက်ပင်းသွားတွေ့ တယ်။
တောထဲကပြေးထွက်လာတဲ့ဝက်ကြီးဟာ ညဖက်အမှောင်ကြီးထဲ ဘာသံမှမထွက်
ပဲလျှောက်လာတဲ့လူတန်းကြီးနဲ့ ရုတ်တရက်တွေ့ လိုက်ရတော့ .ကြောင်ပြီးဆက်မ
ပြေးပဲရပ်ကြည့်နေတယ်။ ..အဲဒီအချိန် တောင်ပိုင်းမင်းသမီးစခန်းကသင်တန်းလာ
တက်တဲ့ရဲဘော်တယောက်က....“ဟာ..တောဝက်ကြီး..တောဝက်ကြီး”ဆိုပြီးဓါးနဲ့ 
ပြေးထိုးတာတချက်ပဲ၊ သေရော..။.....ကျနော်တို့ လည်းဝမ်းသာအားရနဲ့ ဝက်ကြီး
သယ်သွားဖို့ လုပ်နေတုန်း..ကရင်ရွာသားတယောက်တောထဲကပြေးထွက်လာပြီး
ဝက်တကောင်မတွေ့ ဘူးလားမေးလာတယ်။....ပြီးတော့သေနေတဲ့သူ့ ဝက်လည်း
တွေ့ ရောထိုင်ပြီးငိုပါလေရော့ဗျာ။လက်စသတ်တော့စစ်ပြေးမလို့ လုပ်တုန်းလွတ်
ထွက်လာတဲ့ဝက်ဖြစ်နေတယ်။ နောက်တန်းမှုးက ဝက်ပိုင်ရှင်ကိုချော့မော့ပြီးဝက်
ဖိုးငွေအလျှော်ပြန်ပေးလိုက်ရတယ်။...ဟိုမှာကချော့နေတုန်း ဒီမှာရဲဘော်တွေက
ဝက်ကိုသယ်သွားကြပြီ။. ကျနော်တို့ တပ်ဖွဲ့ တွေ ပထမတဆင့်တပ်ဆုတ်သွားခဲ့ရ
တဲ့နေရာက ထိုင်းမြန်မာနယ်စပ်စည်းဖြစ်တဲ့ သောင်ရင်းမြစ်ဘေးက KNUရဲ့ မူဆ
လင်တပ်ဖွဲ့ တပ်စခန်းထဲကိုပါ။ ကျနော်တို့ ရောက်တဲ့အချိန်တပ်ဝင်းထဲ ဘယ်သူမှ
မရှိတော့။တပ်ဝင်းတခုလုံးကျောင်းသားရဲဘော်တွေပြည့်သွားတော့တယ်။ကျနော်
တို့ နဲ့ ပါလာတဲ့ဝက်ကြီးကို မူဆလင်တပ်ရဲ့ ..အိမ်ထောင်သည်လိုင်းထဲမှာပဲပေါ်ပြီး
ရဲဘော်တွေအားလုံးဝေလိုက်ကြတယ်။ ဝက်သားလည်းမစားရတာကြာပြီမို့ အဲဒီမ
နက်က ထမင်းမြိန်လိုက်ကြတယ်ဖြစ်ခြင်း..။ နောက်ပိုင်းပြန်ကြားရတာကကျနော်
တို့ ဆီကလူကြီးတွေ မူဆလင်တပ်မှုးကို အတော်လေးတောင်းပန်လိုက်ရတယ်ဆို
တာပါပဲ။ တခါတလေ ကျနော်တို့ ကလမ်းသိပ်မယူကြဘူး။သိပ်ညစ်လာတဲ့အခါမျိုး
ပေါ့.....။

..........ဖလူးစခန်းကျပြီးတဲ့နောက်ပိုင်းမှာတော့နယ်စပ်တလျှောက်မှာနေထိုင်ကြ
တဲ့ ကျောက်ခတ်၊မော်လီချိုင်း၊သေ့ဘောဘိုး၊မိုးကဲ၊တောင်အုပ်၊ဝေါလေ. စတဲ့ကျေး
ရွာတွေမှာမှီတင်းနေထိုင်ကြတဲ့ ကရင်ပြည်သူတွေဟာပိုင်ဆိုင်သမျှကိုစွန့် ပြီးတနိုင်
တပိုင်သယ်နိုင်သမျှလေးတွေသယ်ပြီး နယ်စပ်ကိုဖြတ်ပြီးထိုင်းနိုင်ငံထဲကိုပြေးဝင်ခို
လှုံခဲ့ကြရပါတယ်။.. တောင်အုပ်နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေလိုအတွင်းပိုင်းကျတဲ့
ရွာတွေကပြည်သူတွေဆိုရင်ဖြင့် ရန်သူစစ်ကြောင်းတွေ.. ကိုရှောင်တိမ်းရင်းတော
ထဲတောင်ထဲ လနဲ့ ချီပတ်ပြေးပြီးမှ နယ်စပ်ကိုဖြတ်ကျော်နိုင်ကြပါတယ်။.. ကျနော်
တို့ ကျောင်းသားတပ်ဖွဲ့ တွေ.. နယ်စပ်မူဆလင်တပ်စခန်းထဲကိုရောက်နေပေမယ့်
ထိုင်းနိုင်ငံထဲကိုဖြတ်ကျော်လို့ မရသေးပါဘူး။တဖက်နယ်စပ်ထိုင်းနိုင်ငံဖက်ခြမ်းမှာ
ထိုင်းစစ်တပ်က အဆင်သင့်နေရာယူထားပါတယ်။.. ကျနော်တို့ ရောက်နေတဲ့မူဆ
လင်တပ်ဝန်းထဲမှာ ထိုင်းသစ်လုပ်ငန်းရှင်ကြီးတယောက်ပိုင်တဲ့ သစ်စက်ကြီးတလုံး
ရှိတယ်။ အတော်လေးကိုကြီးတဲ့သစ်စက်ကြီး..။.. လုပ်ပြီးသား တံခါဘောင်တွေ၊တံ
ခါးချပ်တွေ၊ပြူတင်းပေါက်ဘောင်တွေဟာအပုံလိုက်၊အထပ်လိုက်ထောင်နဲ့ သောင်း
နဲ့ ချီပြီးတော့ကိုရှိတယ်။ ဒီလောက်အသည်းအသန်ဖြစ်နေတဲ့ကြားထဲမှာပဲထိုင်းတွေ
က ကားကြီး၊ကားငယ်တွေနဲ့ ကို ဒီပစ္စည်းတွေကိုသယ်ထုတ်၊ကဲ့ထုတ်နေကြလေရဲ့ ။
ဒါက KNU နဲ့ သူတို့ လုပ်ထားတဲ့အလုပ်.။ ကျနော်တို့ မှာတော့ ဒီမြင်ကွင်းကိုကြည့်
ပြီး ကျနော်တို့ ပိုင်ဆိုင်ရာ၊မြတ်နိုးရာ တစုံတခုကို ရင်ထဲကဆွဲယူနုတ်ခံနေရသလိုခံ
စားကြရတယ်။ ကျနော်တို့ ဘာများတတ်နိုင်ကြမည်နည်း.....။

.........မူဆလင်တပ်ဝင်းထဲရောက်ပြီး ၂ ရက်အကြာမှာ ဗဟိုကော်မီတီကထိပ်ပိုင်း
တာဝန်ရှိသူတွေရောက်လာကြပြီး အခြေအနေအရပ်ရပ်ကိုစခန်းတာဝန်ရှိသူတွေနဲ့ 
ဆွေးနွေးကြတယ်။ ပြီးတဲနောက် ကျနော်တို့ ရဲဘော်တွေအားလုံးကိုတန်းစီစေပြီး ဗ
ဟိုကော်မီတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တဦးက အားပေးနှစ်သိမ့်စကားပြောပါတယ်။
သူ့ ရဲ့ မိန့် ခွန်းပြီးတဲ့အခါ သူကမေးပါတယ်..“ ရဲဘော်တို့ အခုဘာလိုအပ်နေလဲ”တဲ့
တန်းစီနေတဲ့ရဲဘော်တွေအားလုံးတိတ်ဆိတ်ပြီးဘာသံမှထွက်မလာကြ...။စက္ကန့် အ
တော်လေးကြာပြီးတဲ့အခါ ..ရဲဘော်တယောက်ရဲ့ ပြန်ဖြေသံကိုကြားလိုက်ရတယ်..။
“ကျနော်တို့ “ဆား” လိုပါတယ်။ ကျနော်တို့ စားဖို့ “ဆါး” မရှိတော့ဘူး”။ “ဟာ”ဆိုတဲ့
အသံကြီးနဲ့ အတူပဲ တန်းစီပွဲလည်းပျက်ကရော.........။
ကျနော်တို့ အခုလိုနေတာကတော့ ........၊
“သေနတ်တွေ၊ကျည်ဆံတွေပဲဗျ” ...ကျောင်းသား၊ပြည်သူတွေကိုလမ်းမတွေပေါ်မှာ
ရက်ရက်စက်စက်ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့........ဒီစစ်တပ်ကိုပြန်ပစ်ဖို့ .......၊
့“သေနတ်တွေ၊ကျည်ဆံ တွေ”
ကျနော်တို့ လိုအပ်နေတယ်....။ ကျနော်တို့ လိုအပ်နေတာ “သေနတ်တွေ၊ကျည်ဆံ
တွေပဲဗျ”...........။

........၃ ရက်မြောက်တဲ့နေ့ မှာတော့ KNU တပ်မှုးတချို့ ရောက်လာပြီး ကျနော်တို့ 
တပ်ဖွဲ့ တွေကနေ တိုက်ခိုက်ရေးတပ်ဖွဲ့ တဖွဲ့ ဖွဲ့ .....စေပြီးလက်နက်တပ်ဆင်ပေးပါ
တယ်။ ကျန်တဲ့သူတွေကတော့ နယ်စပ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံထဲကို ရှောင်ပြေးကြရ
မှာပါ။ လက်နက်တပ်ဆင်ပေးခံရတဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ ၊ နယ်စပ်တလျှောက်ထိုး
စစ်ဆင်လာတဲ့ ရန်သူတပ်တွေကို ခံစစ်ဆင်တိုက်ခိုက်ဖို့ ထွက်ခွါသွားကြပြီးနောက်၊
၎ ရက်မြောက်နေ့ မှာထိုင်းစစ်တပ်ကအရာရှိတပ်မှုးကြီးတွေရောက်ရှိလာပြီးစခန်း
တာဝန်ရှိသူတွေနဲ့ တွေ့ ဆုံကာကျောင်းသားတပ်ဖွဲ့ တွေကိုထိုင်းနိုင်ငံထဲဖြတ်ကျော်
ခွင့်ပြုပါတယ်။ ရန်သူတပ်တွေတက်လာပြီဆိုတာ.. ကျနော်တို့ သိနေကြရပြီ။

.........ဒုတိယတဆင့်ကျောင်းသားတပ်ဖွဲ့ တွေ ခိုနားဖို့ နေရာကို..သတ်မှတ်ပေးပါ
တယ်။ ကျနော်တို့ တတွေ ထိုင်းနိုင်ငံထဲဖြတ်ကျော်ပြီး. ဒုတိယစုရပ်ကို ရောက်ယုံရှိ
သေးတယ်. .၊ မူဆလင်တပ်ဝင်းထဲကသစ်စက်ကြီး.. မီးဟုန်းဟုန်းလောင်နေတာကို
တွေ့ ရပါတော့တယ်။... ကျနော်တို့ အတော်လေးကို အထိတ်တလန့် ဖြစ်သွားခဲ့ကြ
တယ်။ အခုပဲနယ်စပ်ကိုဖြတ်တယ်..အခုပဲရန်သူတပ်တွေရောက်လာတယ်ဆိုတော့
လန့် ဆိုလဲလန့် စရာပါပဲ..။.. နောက်တော့ရန်သူတပ်တွေရောက်မလာသေးဘူးလို့ 
သိရပြန်တယ်။ ...ဒုတိယစုရပ်ကိုရောက်ပြီး နေရာချပြီးလို့ နောက် ၄ နာရီလောက်
အကြာမှာတော့ တဖက်ကမ်းကရင်နယ်မြေထဲကနေကြောက်မက်ဖွယ်ပေါက်ကွဲသံ
ကြီးကိုကြားလိုက်ရပြီးလက်နက်ကြီး၊ငယ်ပေါင်းစုံတပြိုင်တည်းပစ်ခတ်လိုက်တဲ့အ
သံကိုကြားရပါတော့တယ်။ဘယ်လေါက်ပြင်းထန်သလဲဆိုကျနော်တို့ ရှိနေတဲ့ ထိုင်း
ငံဖက်ခြမ်းက မြေကြီးတွေပါသိမ့်သိမ့်တုန်တယ်။ ထိုင်းဖက်ခြမ်းနယ်မြေထဲကိုလည်း
ရန်သူရဲ့ လက်နက်ကြီးကျည်ဆံတွေကျရောက်ပေါက်ကွဲတယ်။ရွာသားတချို့ ထိခိုက်
ဒါဏ်ရာရကြတယ်။ တိုက်ပွဲကနာရီဝက်လောက်ကြာတယ်။.. ကျနော်တသက်နဲ့ မှာ
ဒီလောက်ပြင်းထန်တဲ့လက်နက်ပေါက်ကွဲသံတွေ မကြားဘူးတော့ငှာ၊..ရင်ထဲလှိုက်
ကနဲ၊လှိုက်ကနဲဖိုပြီးလူပါလေထဲမြောက်ပါသွားသလိုခံစားခဲ့ရတယ်။ ရုတ်တရက်ဆို
သလိုပဲ ပေါက်ကွဲ သံတွေဟာ တိကနဲ ရပ်ပြီးတိတ်ဆိတ်သွားတော့တယ်။.တိတ်ဆို
ဘာသံမှမကြားရတော့...။ ကြောက်မက်ဖွယ်တိတ်ဆိတ်သံကြီး ဆိုတာကိုစပြီးကြား
ခဲ့ဘူးတော့တာပါပဲ....။

......တဖက်ကအခြေအနေတွေဘာဖြစ်မှန်းမသိရသေး.။လက်ရှိဒီဖက်မှာကိုယ်လူ
တွေကို ပြန်စစ်ရပါတယ်။ ဘာတွေဖြစ်သွားခဲ့သလဲ..။ လူစုံတက်စုံ ကျန်ရစ်သူမရှိ။
လူစုံမှဘဲအကြောင်းစုံသိရတာက၊မီးလောင်သွားတဲ့သစ်စက်ကြီးကရန်သူလက်ချက်
မဟုတ်၊ ကိုယ်တွေဆီက ရဲဘော်ကြီး၂ ယောက်ကမီးတင်ရှို့ ခဲ့တာတဲ့ဗျား။ကိုယ့်ဆ
ရာ ၂ယောက်ကမီးရှို့ ပြီးဒီဖက်ကမ်းကူးလာတော့ ထိုင်းသတင်းထောက်တွေနဲ့ အင်
တာဗျူးတွေဘာတွေလုပ်ပြီး၊ ဓါတ်ပုံပါအရိုက်ခံလာသေးဆိုပဲ၊ကြည့်.လုပ်ပေါက်က။
အဟုတ်ပဲဗျာ.၊.နောက်နေ့ ဘန်ကောက်ပို့ စ်သတင်းစာမျက်နှာဖုံးမှာကိုယ့်ဆရာ ၂
ယောက် မီးဟုန်းဟုန်းလောင်နေတဲ့. သစ်စက်ကြီးနောက်ခံနဲ့ လက်သီးလက်မောင်း
တန်းကြွေးကြော်နေတဲ့ ဓါတ်ပုံကြီးပါလာတော့တာပဲ.။ ကျနော်သူတို့  ၂ယောက်ကို
မေးကြည့်တယ်။. “အကိုတို့ ဘာတွေကြွေးကြော်နေတာလဲလို့ ” .ပြန်ဖြေတာလည်း
ကြည့်ဦး.“ကျောင်းသားများရဲ့ လက်နက်မဲ့တော်လှန်ရေး...အောင်ရမည်..အောင်ရ
မည်လို့ ” ကြွေးကြော်ခဲ့တာတဲ့ဗျား......။

......ကျနော်တို့ တပ်ဖွဲ့ တွေ ထိုင်းနိုင်ငံထဲက ဒုတိယခိုနားရတဲ့နေရာလေးကိုတော့
နံမည်လှလှလေးပေးခဲ့တယ်။ “ချမ်းမြေ့ သာယာကုန်း ”တဲ့။တကယ်တော့စိတ်ချမ်း
မြေ့ စရာတကွက်မှမရှိ။တပ်ရင်း(၂၀၆)မှ ရဲဘော်တွေနဲ့ အိမ်ထောင်သည်တွေထပ်
ရောက်လာကြပြန်ပါတယ်။အဲဒီနေရာလေးမှာကျနော်တို့ တတွေသီတင်းပတ်၃ပတ်
လောက်နေခဲ့ရတယ်။အဲဒီမှာရှိနေကြစဉ်အတွင်းမှာပဲရှေ့ တန်းနယ်မြေကသတင်း
ဆိုးကြီးတခုကိုကြားကြရပါတယ်။တပ်မဟာ(၆)နယ်မြေအတွင်းပိုင်းမှာစစ်ဆင်ရေး
ထွက်နေတဲ့တပ်ရင်း(၂၀၅)တပ်ရင်းမှုးဦးဆောင်တဲ့.စစ်ကြောင်းနဲ့ ရန်သူထိပ်တိုက်
တွေ့ ပြီးကျနော်တို့ ရဲဘော်၃ယောက်ကျပြီး၊၁ယောက်ကို ရန်သူကအရှင်ဖမ်းမိသွား
တယ်ဆိုတဲ့သတင်းပါပဲ..။ အဲဒီနေ့ ဟာကျနော်တို့ ရင်ထဲမီးလောင်တဲ့နေ့ ပါပဲ...။
(.......ဆက်ရန်)

5 comments:

မမသီရိ said...

ဘ၀မှတ်တမ်း အတွေ့အကြုံအရင့်အမာကြီးတွေ ဖတ်သွားပါတယ် ကိုနှင်းလှိုင်
အမောတွေကြားထဲက ၀က်သားဟင်းပေါ်တဲ့ ပြုံးစရာလေး
ရင်မောဝမ်းနည်းဖွယ်ရာ မြန်မာ့ရတနာတွေ ယိုစိမ့်နေမှု
ရဲရင့်ခြင်း မျှော်လင့်ခြင်းတွေ နဲ့ လှုပ်ရှားသက်ဝင်နေတဲ့
မှတ်တမ်းလေး တခုပါ

ဆက်ရန်ကို မျှော်နေပါ့မယ် ရှင်

လင်းထက် said...

နောက်ဆက်တွဲ ဇာတ်လမ်းတွေ ဆက်ပြီး စောင့်မျှော်နေပါတယ် ..။

Kyi Aye said...

စောင့်မျှော်လျှက်ပါ။

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

သို့
မျိုးချစ်မြန်မာများ

ပြည်တွင်းမှာ နအဖ ကလိမ်ကကျစ်ကျတဲ့ ရွေးကောက်ပွဲကို ထောက်ခံနေတာ ကုလားတွေပါ။ ပြည်ပမှာကျတော့ ကုလားတွေက ဒီမိုတွေနဲ့ ပေါင်းပြီး ရွေးကောက်ပွဲကို ဆန့်ကျင်နေကြပါတယ်။ မြန်မာအချင်းချင်း ဒီမို နအဖ မသင့်မြတ်ဖြစ်နေတာကို ကုလားတွေက နိုင်ငံရေး နေရာရအောင် အကောက်ကြံနေတာကို သတိထားကြပါ။ ပွဲလန့်တုံး ဖျာခင်းနေကြပါတယ်။ ကုလား မြအေးက ၈၈ ကျောင်းသားခေါင်းဆောင်ဆိုပြီး ကုလားတွေအကူအညီနဲ့ လိမ်ညာနေတယ်။ အဲဒီကုလားလိမ်ရဲ့ သမီး ကုလားမက ၅ မိနစ် မိန့်ခွန်းပြောတာနဲ့ နှစ် ၂၀ လုပ်နေတဲ့ သူတွေထက်သာလွန်တယ်ဆိုပြီး ချီးကျူး နေကြတယ်။ ဒီမိုတွေကလည်း အရမ်းကိုတုံးလွန်းပါတယ်။

အမှန်တကယ်နအဖကို ဆန့်ကျင်လိုသူတွေဆိုရင် မြန်မာလူမျိုး ကရင်တွေလို ငါ့လူ သူ့လူမခွဲခြားပဲ နအဖနဲ့ လက်တွဲသူမှန်သမျှ ဆန့်ကျင်ရမှာပါ။ မြန်မာလူမျိုး ကရင်တွေဆိုရင် DKBA ကို နအဖ နဲ့ ပေါင်းသင်းရမလားဆိုပြီး ရစရာမရှိအောင်ဆဲဆိုနေတာ မြင်နေရပါတယ်။ ( ကျုပ်ကတော့ မြန်မာလူမျိုး ကရင်တွေရဲ့ ဖြောင့်မတ်မှုကို အရမ်းလေးစားတယ်။ ) ဒါပေမယ့် ဒီမိုဘက်က ကုလားတွေဟာ ပြည်တွင်းမှာ နအဖနဲ့ ပေါင်းသင်းနေတဲ့ ကုလားအဖွဲ့အစည်းတွေကို လုံးဝမရှုံ့ချကြပါဘူး။ အဲဒီအဖွဲ့အစည်းတွေက ကုလားတွေက ဆန္ဒပြတယ်ဆိုတာလဲ မလုပ်ဘူး။ ဒီမိုကုလားတွေက နအဖနဲ့ ပေါင်းသင်းနေတဲ့ မြန်မာလူမျိုးတွေကိုပဲ ရှုံ့ချနေတဲ့ လုပ်ရပ်ဟာ မရိုးသားပါဘူး။ တကယ်တော့ ကုလားဦးရေဟာ မြန်မာပြည်မှာ မနည်းပါဘူး။ ဒီမိုမီဒီယာတွေက နအဖရဲ့ ရွေးကောက်ပွဲကို ထောက်ခံ ကူညီနေတဲ့ ကုလားအဖွဲ့အစည်းတွေရဲ့ သတင်းကို ဘာကြောင့် ထိမ်ချန်ထားကြတာလဲ? မြန်မာအချင်းချင်း ဒီမို/နအဖ တံဆိပ်ခွဲပြီး ကလေးလိုရန်ဖြစ်နေတာကို ကုလားတွေက အခွင့်အရေးယူပြီး နိုင်ငံရေးနေရာရအောင် လုပ်နေပါတယ်။ ဒီကောင်တွေနေရာရရင် မွတ်ဆလင်နိုင်ငံလုပ်ပြစ်ပါလိမ့်မယ်။ အမျိုးသားရေးသတိရှိကြပါ။


မြင့်မြတ်သည့်မြေမှာ ယုတ်ညံ့သည့်မွတ်ဆလင်ဝါဒမရှိစေရ
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

သို့

မြန်မာလူငယ်များ

ကုလားကို စကားလုံးလေးနဲ့ ဝေဖန်တာလေးကို ဆတ်ဆတ်ထိမခံဖြစ်တဲ့ မြန်မာတွေ . . . မြန်မာလူမျိုး နအဖကို အတင်းအဖျင်းပြောမှ စားဝင်အိပ်ပျော်တဲ့ ဒီမိုသမားတွေ . . .စစ်သားရဲ့ သိက္ခာကို မထောက်ပဲ မြန်မာလူမျိုး ဒီမိုသမားတွေကို အတင်းပဲပြောနေတဲ့ စစ်ဗိုလ်တွေကို မေးချင်ပါတယ်။ ဦးလွမ်းဆွေ ဘလော့မှာ မြန်မာအလုပ်သမားတွေ ဒုက္ခရောက်နေတဲ့အကြောင်း ရေးထားတာကို ဖတ်ကြည့်ပြီးပြီလား?

မြန်မာအချင်းချင်း ဒီမို/နအဖ တံဆိပ်တွေကြည့်ပြီး အမုန်းအဃာတတွေကြီးနေတာ မှန်ကန်တဲ့ နိုင်ငံရေးစိတ်ဓါတ် မဟုတ်ပါဘူးဗျာ။ မြန်မာအချင်းချင်း အတင်း . . အဖျင်းတွေပြောမှ နိုင်ငံရေးလို့ သဘောထားနေတာလဲ မှားယွင်းတဲ့ စိတ်ဓါတ်ပါပဲ။ သွေးမတော် သားမစပ်တဲ့ အဖြူ နဲ့ ကုလားတွေကို ဝေဖန်ရင် ဆတ်ဆတ်ထိမခံဖြစ်ပြီး. . ကိုယ့်လူမျိုးတွေ ဒုက္ခရောက်ရင် မသိဟန်ဆောင်နေတာကလဲ မှန်ကန်တဲ့ စိတ်ထား မဟုတ်ပါဘူး။ မျိုးချစ်စိတ်ရှိပါတယ်ဆိုတဲ့သူတွေကလည်း နေရာတကာ ဥပက္ခာပြုပြီး ဘေးကနေ လက်ပိုက်ကြည့်နေတာ မှားယွင်းပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် ဘာမှမလုပ်ပဲ ဘေးကနေ လက်ပိုက်ကြည့်နေတဲ့သူမှာရှိတဲ့ မျိုးချစ်စိတ်ဟာ အသုံးမကျပါဘူး။ ကရင်၊ ဗမာ ၊ ရှမ်း ၊ ပအို့ ၊ မွန် ၊ ရခိုင် ဆိုတဲ့ တံဆိပ်တွေမကြည့်ပဲ မြန်မာအချင်းချင်းဆိုတဲ့ ပြည်ထောင်စု စိတ်ဓါတ်နဲ့ … အဲဒီအလုပ်သမားတွေကို ဘယ်လိုကူညီပေးနိုင်မလဲ.. ဘယ်လို ငွေကြးထောက်ပံ့ပေးနိုင်မလဲဆိုတာ စဉ်းစားအဖြေရှာပေးကြပါဦး။ သံရုံးနဲ့ .. နအဖ ထိပ်ပိုင်းကို ပြောကြားနိုင်တဲ့ အခြေအနေရှိသူများကလည်း .. အစိုးရအချင်းချင်း ၀င်ရောက်ပြောကြားအောင် နားချပေးကြပါ။ မိမိက ဘာမှ မစွမ်းဘူးဆိုလဲ လက်ပိုက်ကြည့်မနေပဲ . . . အနည်းဆုံးတော့ နှုတ်နဲ့ ဆောင်မပေးကြပါ။ ရေနစ်တဲ့သူတွေကတော့ မြက်တစ်ပင်တောင် အားကိုး လိုကြပါတယ်။


☀ ခွန်ကယ် စက်ရုံအလုပ်သမားများ စားစရာမရှိ၍ ငါးရှာဖားရှာ ထွက်နေရ . . . ယခုညဥ့်နက်ပိုင်းတွင် သေနတ်သမား (၂) ဦး လာရောက် ပစ်ခတ်နေ




လေးစားလျက်
ဇော်မျိုး